CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Thursday, July 09, 2009

အဖြုန်းများ...

အဆင်မပြေမှု့တွေဆီ ပန်စည်းတွေမလာဘူး
မိုးနောက်မှာ လေနီကြမ်းဝင်သလိုမျိုး
အရောင်းထိုင်းနေတဲ့ စိတ်နဲ့ မှုတ်ထုတ်လိုက်တဲ့ စီးကရက်ခိုးတွေထဲ
အရည်ခမ်းနေသော တွေးခေါ်မှု့ခပ်များများ။

ပိုက်တစ်ချောင်းထဲနဲ့ စုပ်ယူသောက်ပစ်လိုက်မလို့ပဲ
ခွက်တစ်လုံးရဲ့တန်ဖိုးထက် ပေါင်းထားတဲ့ ခေါင်ရည်အရသာလေးစစ်နေဖို့အတွက်
ခရုတွေကလည်း အဆံချောင်နေတာများတယ်။

ရွက်ဆုတ်ပြက္ခတိန်တစ်ခုလို
ပါးလွှာလိုက်လာတဲ့ ဆန္ဒတွေ ဒီနေ့မှာလည်း ကြက်ခြေခတ်ခံရတာပဲ။

ငါးများများရချင်နေမှတော့ ကုသိုလ် အကုသိုလ်အကြောင်း
မစဉ်းစားတာကောင်းတယ်
ပိုက်ကောင်းနေဖို့ အစာချရာငါးများဖို့။

ကျောက်မပါတော့လည်း
ဘယ်လိုခြစ်ခြစ် မီးခြစ်ကတောက်မလာတော့ဘူး။

မောင်ခင်လေး

5 ဝေဖန်ချက်:

mgngal said...

စိတ်ညစ်နေပါတယ်ဆိုမှ ဒွတ်ခ ။ အတွေးတွေ ထပ်ဆင့်ပွားသွားတယ်ဗျ ကိုခင်လေး ။

အိုင်လွယ်ပန် said...

ယူသွားတဲ့ ပုံလေးတွေလှတယ်ဗျာ ...
ခေါင်းစဉ်ကအစ ကြိုက်တယ် ...
ကောင်းသောနေ့ဗျာ :)

တလနွန် said...

စာသား တွေးထားတာ သုံးထားတာလေးတွေက ကောင်းတယ်။ ပျော်ရွင်ပါစေ

ဇော် said...

ကဗျာလေး တကယ် ကောင်းပါ၏။ =)

ဖြိုးငယ် said...

ကောင်းလိုက်တဲ့ အဖြုန်းလေးတွေ ...
အရေးအသား ရော အကြောင်းအရာရော
ခေါင်းစဉ်ကအစ အကုန်ထိတယ်